ဖုန်း သို့မဟုတ် တက်ဘလက်ကို အားမသွင်းနိုင်ခြင်း

အားသွင်းပေါက်က ပုံမှန်အတိုင်း လုပ်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ

သင့်ဖုန်း သို့မဟုတ် တက်ဘလက်၏ အားသွင်းပေါက်တွင် ပိတ်ဆို့နေခြင်း၊ မှိုတက်ခြင်း၊ သံချေးတက်ခြင်း သို့မဟုတ် ပျက်စီးခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ ထိုသို့ဖြစ်နေလျှင် သင့်ဖုန်း သို့မဟုတ် တက်ဘလက်ကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပြီး အကူအညီ ရယူပါ။

သင့်စက်ကို မသုံးသည်မှာ အချိန်အတော်ကြာပြီဖြစ်ပါက

သင့်စက်ကို မသုံးသည်မှာ အချိန်အတော်ကြာပြီဖြစ်လျှင် သို့မဟုတ် ဘက်ထရီ အားနည်း၍ ပါဝါပိတ်သွားပြီးနောက် အချိန်မီ အားသွင်းမထားလျှင် သို့မဟုတ် ဘက်ထရီ အားကုန်သွားလျှင် ဘက်ထရီကို သက်ဝင်လုပ်ဆောင်ရန် သင့်စက်အတွက် အချိန်ပိုလိုနိုင်ပါသည်။ သင့်စက်ကို အနည်းဆုံး မိနစ် 30 ကြာ အားသွင်းပြီးနောက် ၎င်းသည် အောင်မြင်စွာ အားသွင်းခြင်း ရှိ၊ မရှိ စစ်ဆေးရန် အကြံပြုထားသည်။

ဘက်ထရီအား 80% သို့ ရောက်သောအခါ သင့်စက်က အားသွင်းခြင်း ရပ်တန့်သွားလျှင်

အချို့ Huawei ဖုန်းအမျိုးအစားများတွင် စမတ်အားသွင်းစနစ် ထည့်ထားပြီး ၎င်းစနစ်သည် AI စမတ်အားသွင်းခြင်း စီမံခန့်ခွဲမှုကို အသုံးပြုသည့် ဘက်ထရီ ကာကွယ်ရေး နည်းစနစ်တစ်ခုဖြစ်ပြီး ဘက်ထရီ သက်တမ်းကို ထိရောက်စွာ ရှည်ကြာခံစေသည်။ ပြစ်ချက် ရှာဖွေ ဖြေရှင်းရန်အတွက် အားသွင်းမှုအခြေအနေ 80% သို့ရောက်သည့်အခါ ဖုန်း သို့မဟုတ် တက်ဘလက်က အားသွင်းမှု ရပ်တန့်သွားခြင်းနှင့် စမတ် အားသွင်းမှု နှင့်ဆိုင်သော အခြားမေးလေ့ရှိသည့် မေးခွန်းများကို ကိုးကားပါ။

စက်၏ အပူချိန်ကို စစ်ဆေးပါ

အားမသွင်းခင် ပိုနွေးသော နေရာသို့ ရွှေ့ပါ။ အပူချိန်က 10℃ အောက်ရောက်နေလျှင် သင့်စက်က အားသွင်းနှေးပါသည် သို့မဟုတ် အားသွင်းပေးမည် မဟုတ်ပါ။

သင့်စက်နှင့်အတူ ပါရှိသော အားသွင်း ကိရိယာကို အသုံးပြုပါ

စံနှုန်းမီ အားသွင်း ကိရိယာနှင့် အားသွင်းကြိုးကို အသုံးပြုပါ။ သင့်ဖုန်း သို့မဟုတ် တက်ဘလက်နှင့် Huawei မဟုတ်သော အားသွင်း ကိရိယာများကြားတွင် ကိုက်ညီမှုပြဿနာ ရှိနိုင်သဖြင့် ဖုန်း သို့မဟုတ် တက်ဘလက်ကို အားသွင်း၍မရခြင်း ဖြစ်သည်။

အပြန်အလှန် အတည်ပြုခြင်းကို လုပ်ဆောင်ပါ

သင့် အားသွင်း ကိရိယာ သို့မဟုတ် အားသွင်းကြိုး ချွတ်ယွင်းနေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန် အခြား စက်များကို ပုံမှန်အားသွင်းနိုင်သော အားသွင်း ကိရိယာ သို့မဟုတ် အားသွင်းကြိုးကို သုံးပြီး သင့်စက်ကို အားသွင်းကြည့်ပါ။

အားသွင်း ကိရိယာ သို့မဟုတ် အားသွင်းကြိုးက ပုံမှန် အလုပ်လုပ်သော်လည်း ဖုန်း သို့မဟုတ် တက်ဘလက်ကို အားသွင်း၍မရသေးပါက စက် ချွတ်ယွင်းနေခြင်း ဖြစ်နိုင်သည်။ အရေးကြီးသောဒေတာများကို ဘက်ခ်အပ်လုပ်ပြီးနောက် သင့်စက်၊ အားသွင်း ကိရိယာ၊ အားသွင်းကြိုးနှင့်အတူ ဝယ်ယူမှု သက်သေကို အနီးအနားရှိ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီရယူပါ။

ပိုမိုလေ့လာရန်-

ကျွန်ုပ်၏ဖုန်းသည် အားအဝင် နှေးသည်