အားသွင်းမှုအခြေအနေ 80% သို့ရောက်သည့်အခါ ဖုန်း သို့မဟုတ် တက်ဘလက်က အားသွင်းမှု ရပ်တန့်သွားခြင်းနှင့် Smart Charge နှင့်ဆိုင်သော အခြားမေးလေ့ရှိသည့် မေးခွန်းများ

ပြဿနာ-

  • ဖုန်း သို့မဟုတ် တက်ဘလက်ဘတ်ထရီကို 80% နှင့်အထက်အထိ အားသွင်းပြီးလျှင် အားသွင်းခြင်း ရပ်တန့်သွားပြီး အားသွင်းအိုင်ကွန် ပျောက်ကွယ်သွားသည်။
  • ဖုန်း သို့မဟုတ် တက်ဘလက်ရှိ အသိပေးချက် မျက်နှာပြင်တွင် Smart Charge ဒိုင်ယာလော့ဂ် ဘောက်စ်တစ်ခုကို ပြသပါသည် သို့မဟုတ် ဆက်တင်ထဲရှိ ဘတ်ထရီမျက်နှာပြင်တွင် Smart Charge ကို ဖွင့်ထားသည်ဟု ညွှန်ပြပါသည်။

    လောလောဆယ် Smart Charge လုပ်ဆောင်ချက်ကို ဖြန့်ချိထားဆဲဖြစ်ပါသည်။ အမျိုးအစား သို့မဟုတ် ဗားရှင်း ကွဲပြားမှုများကြောင့် Pop-up ဒိုင်ယာလော့ဂ် ဘောက်စ်ပုံစံများစွာ သို့မဟုတ် ပြသချက် စာမျက်နှာ ပုံစံများစွာ ရှိပါသည်။ အမှန်တကယ် ထုတ်ကုန်ကို ကျေးဇူးပြု၍ ကိုးကားပါ။ ဒိုင်ယာလော့ဂ် ဘောက်စ်ကို မပြသလျှင် သင့်ဖုန်းကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။

    အကြောင်းရင်း-

    ဤသည်မှာ (EMUI 9.1 နှင့် Magic UI 2.1 နှင့် နောက်ပိုင်း ဗားရှင်းများဖြင့် လုပ်ဆောင်နေသည့်) Huawei ဖုန်းအမျိုးအစားအချို့တွင် ပါဝင်သော လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်သည်။ ၎င်းသည် ကာကွယ်ရေး စက်ကိရိယာတစ်ခု ဖြစ်သည်။

    AI စမတ် ဘတ်ထရီ စီမံခန့်ခွဲမှုသည် ဘတ်ထရီ သက်တမ်းကို ထိရောက်စွာ တိုးစေပါသည်။ Smart Charge ၏ အားသွင်းမှု ကာကွယ်ရေး လုပ်ဆောင်ချက်ကို ဖွင့်ထားသည့်အခါ အသိပေး အချက်ပြမှုတစ်ခုကို ပြသပါမည်။ သင့်စက်၏ ဘတ်ထရီကို ပို၍ကောင်းစွာ ကာကွယ်နိုင်ရန်အတွက် Smart Charge ကို ဖွင့်ထားရန် အကြံပြုပါသည်။

    ဖြေရှင်းနည်း-

    နည်းလမ်း 1- သင့်ဖုန်းကို ချက်ချင်း အားအပြည့်သွင်းရန် အသိပေးချက် မျက်နှာပြင်ရှိ Smart Charge ဒိုင်ယာလော့ဂ် ဘောက်စ်ထဲတွင် ဆက်လုပ်မည်ကို နှိပ်ပါ။ နားလည်ပါပြီကို နှိပ်လိုက်လျှင် Smart Charge သည် သင့်ဘတ်ထရီကို ဆက်လက်ကာကွယ်ပေးပါမည်။

    နည်းလမ်း 2- ဆက်တင် > ဘတ်ထရီ > နောက်ထပ် ဘက်ထရီ ဆက်တင်များ > Smart Charge သို့ သွားပြီး Smart Charge ကို ပိတ်ပါ။ ယင်းသို့ လုပ်ဆောင်ခြင်းက ဘတ်ထရီသက်တမ်းကို ကြာရှည်ခံစေပါသည်။ (ဤဖွင့်/ပိတ် ခလုတ် မရှိလျှင် သင့်စက်သည် ဤလုပ်ဆောင်ချက်ကို လောလောဆယ် ပံ့ပိုးမပေးဟု ညွှန်ပြခြင်းဖြစ်သည်။)

    ပြဿနာ ဆက်ရှိနေပါက ၎င်းသည် Smart Charge ကြောင့် ဖြစ်ပွားခြင်း မဟုတ်နိုင်ပါ။ ဤအခြေအနေတွင် အကူအညီ ရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

    ① အားသွင်းခြင်း အမူအကျင့်များအကြောင်း အချက်အလက်များကို စက်တွင်းတွင်သာအသုံးပြုပြီး ကလောက်ဒ်တွင် ဘက်ခ်အပ်လုပ်ခြင်း သို့မဟုတ် အပ်လုဒ်လုပ်ခြင်း မရှိပါ။

    Smart Charge သည် သုံးစွဲသူအားလုံးအတွက် အလုပ်လုပ်မည်မဟုတ်ဘဲ သုံးစွဲသူများ၏ အားသွင်းသည့် အမူအကျင့်များအပေါ် မူတည်ကာ လုပ်ဆောင်ပါသည်။ လုပ်ဆောင်ချက်များနှင့် GUI များသည် ထုတ်ကုန်နှင့် ဆော့ဖ်ဝဲဗားရှင်းပေါ်မူတည်၍ ကွဲပြားမှု ရှိနိုင်ပါသည်။

    Smart Charge နှင့် ဆက်စပ်နေသည့် မေးလေ့ရှိသည့် မေးခွန်းများ-

    မေး

    ဖြေ

    Smart Charge ဆိုတာ ဘာလဲ။ ၎င်းက ဘတ်ထရီ ကို ဘယ်လိုကာကွယ်ပေးသလဲ။

    Smart Charge သည် သတ်မှတ် Huawei ဖုန်းအမျိုးအစားများအတွက် ဘတ်ထရီ ကာကွယ်ရေး လုပ်ဆောင်ချက်အသစ်ဖြစ်သည်။ သင့်ဖုန်းကို အချိန်အတော်ကြာ အားသွင်းသောအခါ စက်တွင်းပါ AI မော်ဂျူးသည် သင်၏ အားသွင်းသည့် အမူအကျင့်များ၊ နှိုးစက် နာရီနှင့် ဒေသစံတော်ချိန် အပါအဝင် သင်၏ ဆက်တင်များနှင့် အခြား စီစဉ်သတ်မှတ်မှု အချက်အလက်များမှ လေ့လာမှတ်သားပြီး အားသွင်းသည့် အခြေအနေကို အသိဉာဏ်ရှိစွာ စီမံခန့်ခွဲနိုင်ပါသည်။ ဥပမာအားဖြင့် ညဘက်တွင် ဘတ်ထရီပမာဏ 80% ခန့်အထိ ရောက်သောအခါ အားသွင်းခြင်း ခေတ္တ ရပ်သွားပါမည်။ သင်အိပ်ရာမထမီ သင့်ဖုန်းကို အားပြည့်အောင် ဆက်လက် အားသွင်းပေးပါမည်။ ဤနည်းဖြင့် သင့်ဖုန်း အားပြည့်နေချိန်တွင် ဆက်လက်အားသွင်းနေခြင်းမှ ကာကွယ်ပြီးသား ဖြစ်သည့်အပြင် ယင်းက ဘတ်ထရီ သက်တမ်းကို ထိရောက်စွာ ကြာရှည်ခံစေသည်။

    Smart Charge က အားသွင်း မြန်နှုန်းကို ထိခိုက်ပါသလား။

    မထိခိုက်ပါ။ ညလုံးပေါက် သို့မဟုတ် အချိန်ကြာမြင့်စွာ ဖုန်းအားသွင်းလေ့ရှိသည့် သုံးစွဲသူများအတွက် Smart Charge ကို ရည်ရွယ် ဖန်တီးထားပါသည်။ ဥပမာအားဖြင့် သင့်ဖုန်းကို ညလုံးပေါက် အားသွင်းသောအခါ အားသွင်းမှုအခြေအနေ 80% ခန့်သို့ ရောက်ချိန်တွင် အားသွင်းခြင်း ခေတ္တရပ်သွားမည်ဖြစ်ပြီး သင်အိပ်ရာမထမီ ဆက်လက် အားသွင်းပေးပါမည်။ ဤစနစ်သည် အားသွင်း မြန်နှုန်းနှင့် သင့်စက်၏ ပါဝါကို မထိခိုက်စေဘဲ ဘတ်ထရီ သက်တမ်းကို ထိရောက်စွာ ကြာရှည်ခံစေပါသည်။ ဤစနစ်ကို ဖွင့်ထားရန် အကြံပြုပါသည်။

    Smart Charge သည် ပါဝါ သုံးစွဲမှုကို တိုးစေပါသလား သို့မဟုတ် ဘတ်ထရီ သက်တမ်းကို ထိခိုက်စေပါသလား။

    မထိခိုက်ပါ။ ဘတ်ထရီ သက်တမ်းသည် အသုံးပြုမှု အခြေအနေနှင့် ဘတ်ထရီအိုဟောင်းမှုအပေါ်တွင် မူတည်ပါသည်။ ပါဝါ သုံးစွဲမှုနှင့် စက်၏ ဘတ်ထရီသက်တမ်းကို မထိခိုက်စေဘဲ ဘတ်ထရီ အိုဟောင်းယိုယွင်းလာမှုကို လျှော့ချရန် Smart Charge ကို ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်ပါသည်။

    Smart Charge ကို ရှာ၍ မတွေ့ပါ

    Smart Charge သည် EMUI 9.1၊ Magic UI 2.1 သို့မဟုတ် နောက်ပိုင်း ဗားရှင်းများဖြင့် လုပ်ဆောင်နေသည့် Huawei ဖုန်းအမျိုးအစားအချို့တွင် ပါဝင်သော လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်သည်။ ဤလုပ်ဆောင်ချက်ကို သင် ရှာမတွေ့ပါက ၎င်းကို သင့်စက်တွင် မရရှိသေးဟု ညွှန်ပြခြင်း ဖြစ်ပါသည်။ နောက်ဆုံးထွက် အချက်အလက်များကို ဆက်လက် စောင့်မျှော်ပေးပါ။

    Smart Charge ကို ဖွင့်ပြီးသည့်တိုင် ကျွန်ုပ်၏စက်သည် 100% ပြည့်သည်အထိ ဆက်လက် အားသွင်းနေသည်။ အဘယ်ကြောင့်နည်း။

    Smart Charge သည် အခြေအနေ အားလုံးတွင် သုံးစွဲသူအားလုံးအတွက် အလုပ်လုပ်မည်မဟုတ်ဘဲ သုံးစွဲသူများ၏ အားသွင်းသည့် အမူအကျင့်များအပေါ် မူတည်၍သာ လုပ်ဆောင်ပါသည်။ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းမှာ စနစ်က သင်၏ အားသွင်းသည့် အမူအကျင့်များကို မလေ့လာရသေးခြင်း သို့မဟုတ် သင်သည် ဖုန်းကို ညလုံးပေါက် သို့မဟုတ် အချိန်ကြာမြင့်စွာ အားသွင်းသော အလေ့အထမရှိခြင်းကြောင့် ဖြစ်နိုင်သည်။ အမှန်တကယ် ထုတ်ကုန်ကို ကျေးဇူးပြု၍ ကိုးကားပါ။

    Smart Charge ကို ဖွင့်လိုက်လျှင် ကျွန်ုပ်၏စက်သည် ပူလာမလား။

    ပူလာမည် မဟုတ်ပါ။ Smart Charge သည် ပါဝါသုံးစွဲမှုကို တိုးမလာစေသော သို့မဟုတ် သင့်စက်ကို ပူမလာစေသော ဘတ်ထရီ ကာကွယ်ရေး လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဤလုပ်ဆောင်ချက်ကို ဖွင့်ထားရန် အကြံပြုပါသည်။